Sunday, October 14, 2012

ရမည်းသင်း သတင်းယနေ့ နေ့လည် (၁) နာရီ

ရမည်းသင်း သတင်း ( ည - ၇း၁၅)

ယနေ့ နေ့လည် (၁) နာရီ အချိန်တွင် ရမည်းသင်းမှ အစ္စလာမ်သာသနာရေး
ဆိုင်ရာ အဖွဲ့ကြီးများ နှင့် ဗုဒ္ဓဘာသာ တာဝန်ရှိသူများ အပါအ၀င်

အစိုးရ တာဝန်ရှိသူများ ရမည်းသင်းမြို့တွင်တွေ့ဆုံခဲ့ကြပြီး မနေ့က ဖြစ်ပျက်ခဲ့တဲ့ ပြဿနာများနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ သစ်ထူးလွင် ၀ဘ်ဆိုဒ်မှ တင်ထားသော သတင်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူများမှ မှားယွင်းကြောင်း ပြောဆိုခဲ့သည်ဟု သတင်းရရှိပါသည်။
မြို့ခံတစ်ဦးမှ ပြောကြားရာတွင် “အားလုံးအဆင်ပြေပါတယ်ခင်ဗျ၊ တာဝန်ရှိသူတွေဘက်မှလည်း အဓိကရုဏ်းကို မွစ်လင်မ်တွေဘက်မှ စတင်တာမဟုတ်ကြောင်း သိပါတယ်၊ ဘောလုံးပွဲရှုံးတဲ့အသင်းက ကြေးစားလူမိုက်များငှားပြီး လုပ်ခိုင်းတယ်ဆိုတာ လည်း ကြားရတယ်ခင်ဗျ။ အစ ကတည်းက ကျနော်တို့နဲ့ ဗုဒ္ဓဘာသာဝင်တွေဆိုတာ နှစ်အိမ့် တစ်အိမ်နေလာကြတာ ဘာပြဿနာမှာ မရှိတာ၊ အခု သွေးထိုးမှုကြောင့်ဖြစ်ရတယ်ဆိုတာ အားလုံးသိပါတယ်။ ခုနက ပဲ ရပ်ကွက်ထဲမှာ စပီကာနဲ့ လှည့်အော်နေပါတယ်။ အားလုံး စည်းစည်းလုံးလုံးနေသွားကြဖို့နဲ့ လုံခြုံရေးအင်အား အပြည့်ချထားတယ်ဆိုတာ ပြောသွားပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာတယ်ဗျာ” ဟု ပြောကြားသွားခဲ့ပါတယ်။

ရမည်းသင်းမြို့အခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်အင်အားပါ ထပ်မံ ဖြည့်တင်းထားသည်ဟု ကြားသိရပါသည်။

No comments:

Post a Comment