Sunday, July 1, 2012

အယ်လ်ကေဒါနှင့် ဆက်နွယ်ဆောင်ရွက်တယ်ဆိုတဲ့အခြေအနေ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အခြေအနေများမှာ အယ်လ်ကေဒါအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်မှု ရှိသည်ဆိုသောအချက်ကို နိုင်ငံတော်မှ ရှင်းလင်းတင်ပြလိမ့်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းက ပြောကြားခဲ့သည်။ "အယ်လ်ကေဒါနှင့် ဆက်နွယ်ဆောင်ရွက်တယ်ဆိုတဲ့

အချက်မှာ နိုင်ငံတော်ကနေပြီးတော့ စနစ်တကျ ရှင်းလင်းတင်ပြပါလိမ်မယ်။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့နယ်မြေအတွင်းမှာတော့ အယ်လ်ကေဒါနဲ့ပတ်သက်ပြီး ထူးခြားလှုပ်ရှားမှု မတွေ့ပါဘူး" ဟု ဗိုလ်မှုးကြီးထိန်လင်းကပြောပါသည်။ ထို့အပြင် စစ်တွေမြို့ လောကနန္ဒါ ဘုရားရှေ့ရှိ ဗလီ၌ ယနေ့မွန်းလွဲပိုင်းက သေနတ်ကျည်ဆံများ ရှာဖွေတွေ့ရှိသည်ဆိုသော သတင်းကို Eleven Media Group မှ အတည်ပြုမေးမြန်းခဲ့ရာ ဗိုလ်မှုးကြီးထိန်လင်းက ၎င်းတို့အနေဖြင့် သတင်းများကို နာရီနှင့်အချိန်အလိုက် ရရှိနေကြောင်း အဆိုပါသတင်းကို မရရှိသေးကြောင်း ပြန်လည်ဖြေကြားပါသည်။ ထို့နောက် UN အဖွဲ့အစည်းတစ်ခုမှ ရခိုင်ပြည်နယ်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့် NGO တစ်ခု၏ ရခိုင်ပြည်နယ်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်တစ်ဦးကို ထိန်းသိမ်းထားခြင်းအား Eleven Media Group မှ ဆက်လက်မေးမြန်းခဲ့ရာ ဗိုလ်မှုးကြီးထိန်လင်းက "အဲ့ဒါကတော့ အခြေအမြစ်ဖြစ်ခဲ့တဲ့ဒေသက ကျနော်တို့ဒေသမဟုတ်တော့ ကျနော်မဖြေနိုင်ပါဘူး"ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

No comments:

Post a Comment