Monday, October 15, 2012

ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး

ယနေ့ အောက်တိုဘာလ (၁၄)ရက် စစ်တွေမြို့ ဂြစ်ဖက်ဘုန်းကြီးကျောင်းတွင် ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးလှစော၊ ရဟန်းပျိုသမဂ္ဂမှ ရဟန်းတော်များ၊ စစ်တွေမြို့ မြို့မိ၊ မြို့ဖများနှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ လူပေါင်း(၁၀၀)ကျော်ခန့် တက်ရောက်လာကြပြီး နေ့လည် (၁)နာရီခွဲတွင် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
"အခမ်းအနား ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျနော်တို့ ရခိုင်ပြည်မှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ရသင့်၊ ရထိုက်တဲ့အရာတွေကို ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတထံမှာ တောင်းဆိုသွားဖို့အတွက် ဖြစ်ပါတယ်။ အဓိက ကျနော်တို့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေလိုချင်တဲ့ အချက်(၅)ချက်ကို တောင်းဆိုထားပါတယ်"ဟု စစ်တွေတက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။
အခမ်းအနားတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဆရာဦးလှစော၊ ယခင်ကျောင်းသားသမဂ္ဂ တည်ထောင်ခဲ့သော အတွေ့အကြုံရှိ ၀ါရင့်ပုဂ္ဂိုလ်များနှင့် မြို့မိ၊ မြို့ဖများက အကြံအဥာဏ်များပေးအပ် ပြောကြားပြီး ရခိုင်ကျောင်းသား သမဂ္ဂမှ အောက်ပါအချက်(၅)ချက်အား နိုင်ငံတော်သမ္မတထံသို့ တောင်းဆိုလိုက်သည်။
၁) ရခိုင်ပြည်နယ်၊ တက္ကသိုလ်အသီးသီးတွင်လိုအပ်လျှက်ရှိသော သင်ထောက်ကူပစ္စည်းများ အမြန်ဆုံးဖြည့်ဆည်းပေးရန်။
၂) ယခုဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသော တောင်ကုတ်မြို့နယ်၊ ဒေသကောလိပ်အား စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်။
၃) တက္ကသိုလ်ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွက် ကျောင်းသွားရာလမ်းတစ်လျှောက်နှင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား အမြန်ဆုံးဖယ်ရှားပေးရန် (ဘုမေကျေးရွာ၊ ဘုမေလက်သမားကျေးရွာ ခတင်ပိုက်ကျေးရွာ)
၎) တက္ကသိုလ်ကျောင်းအနီးတွင် လုံခြုံစိတ်ချရသော ကျောင်းသားကျောင်းသူများနေထိုင်နိုင်မည့်အဆောင်များ အမြန်ဆုံးဆောက်လုပ်ပေးရန်နှင့် ပြည်နယ်အစိုးရအနေဖြင့် ဈေးနှုန်းသက်သာသော ကျောင်းဖယ်ရီကားများကို ဆောက်ရွက်ပေးရန်
၅) တရားမ၀င် ၀င်ရောက်နယ်မြေလုလာသော အကြမ်းဖက်ဘင်္ဂလီကုလားများနှင့် အတူတကွပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန်။
ရခိုင်ပြည်တက္ကသိုလ်များတွင် လိုအပ်နေတဲ့ သင်ထောက်ကူပစ္စည်းအခက်ခဲများနှင့် ပက်သက်လို့ "ကျနော်တို့ ကွန်ပျူတာကျောင်းမှာဆိုရင် အရင်ကတည်းက မီးစက်မရှိလို့ လက်တွေ့မလေ့ကျင့်ရဘူး၊ အဲဒီလိုဘဲ နည်းပညာတက္ကသိုလ်နဲ့ စစ်တွေတက္ကသိုလ်မှာဆိုရင်လည်း မိမိတို့ဘာသာရပ်နဲ့ ဆက်စပ်တဲ့ သင်ထောက်ကူပစ္စည်းတွေဘာမှ မရှိဘူး၊ ရှိခဲ့ရင်လည်း ကျောင်းသားတွေ လက်တွေ့အသုံးပြုလို့မရဘူး ဘာလို့လည်းဆိုတော့ တစ်ခုတည်းဘဲရှိလို့"ဟု အခမ်းအနားသို့တက်ရောက်လာသော ကွန်ပျူတာကျောင်းသားဟောင်းတစ်ဦးက ပြောသည်။
ရခိုင်ကျောင်းသားသမဂ္ဂကို ရခိုင်ပြည်နယ်ရှိ ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညတက္ကသိုလ်၊ စစ်တွေတက္ကသိုလ် (၃)ခုပေါင်းစည်းပြီး ဗဟိုကော်မတီဝင် ကျောင်းသား၊ ကျောင်းသူပေါင်း(၃၀)ကျော်ဖြင့် ဖွဲ့စည်းထားကြောင်းသိရှိရသည်။

Sunday, October 14, 2012

ရမည်းသင်း သတင်းယနေ့ နေ့လည် (၁) နာရီ

ရမည်းသင်း သတင်း ( ည - ၇း၁၅)

ယနေ့ နေ့လည် (၁) နာရီ အချိန်တွင် ရမည်းသင်းမှ အစ္စလာမ်သာသနာရေး
ဆိုင်ရာ အဖွဲ့ကြီးများ နှင့် ဗုဒ္ဓဘာသာ တာဝန်ရှိသူများ အပါအ၀င်

အစိုးရ တာဝန်ရှိသူများ ရမည်းသင်းမြို့တွင်တွေ့ဆုံခဲ့ကြပြီး မနေ့က ဖြစ်ပျက်ခဲ့တဲ့ ပြဿနာများနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ သစ်ထူးလွင် ၀ဘ်ဆိုဒ်မှ တင်ထားသော သတင်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူများမှ မှားယွင်းကြောင်း ပြောဆိုခဲ့သည်ဟု သတင်းရရှိပါသည်။
မြို့ခံတစ်ဦးမှ ပြောကြားရာတွင် “အားလုံးအဆင်ပြေပါတယ်ခင်ဗျ၊ တာဝန်ရှိသူတွေဘက်မှလည်း အဓိကရုဏ်းကို မွစ်လင်မ်တွေဘက်မှ စတင်တာမဟုတ်ကြောင်း သိပါတယ်၊ ဘောလုံးပွဲရှုံးတဲ့အသင်းက ကြေးစားလူမိုက်များငှားပြီး လုပ်ခိုင်းတယ်ဆိုတာ လည်း ကြားရတယ်ခင်ဗျ။ အစ ကတည်းက ကျနော်တို့နဲ့ ဗုဒ္ဓဘာသာဝင်တွေဆိုတာ နှစ်အိမ့် တစ်အိမ်နေလာကြတာ ဘာပြဿနာမှာ မရှိတာ၊ အခု သွေးထိုးမှုကြောင့်ဖြစ်ရတယ်ဆိုတာ အားလုံးသိပါတယ်။ ခုနက ပဲ ရပ်ကွက်ထဲမှာ စပီကာနဲ့ လှည့်အော်နေပါတယ်။ အားလုံး စည်းစည်းလုံးလုံးနေသွားကြဖို့နဲ့ လုံခြုံရေးအင်အား အပြည့်ချထားတယ်ဆိုတာ ပြောသွားပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာတယ်ဗျာ” ဟု ပြောကြားသွားခဲ့ပါတယ်။

ရမည်းသင်းမြို့အခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်အင်အားပါ ထပ်မံ ဖြည့်တင်းထားသည်ဟု ကြားသိရပါသည်။

ကျောက်တော်မြို့တွင် ရခိုင် အကြမ်းဖက် သမားများကို လက်နှက်များနှင့် အတူဖမ်းဆီးမိခြင်း

ရခိုင်ပြည်နယ်ကျောက်တော်မြို့ တွင်လှုပ်ရှားနေသော ရခိုင်အကြမ်းဖက်သမားများ(ရခိုင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ဝင်) ၁၇ဦးကို လက်နှက်မျိုးစုံ ၁၈လက်နှင့်အတူ ဖမ်းဆီးထားကြောင်း သိရှိရသည်။ ကျောက်တော်မြို့နယ်တွင် မွတ်စလင်ရွာ (၅)ရွာ၊ အိမ်ခြေ (၆၀၀)ကို ရခိုင်အကြမ်းဖက်သမားများက မီးရှို့ခဲ့ရာ လူဦးရေ (၅၀၀၀)ကျော်အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ပြီး မွတ်စလင်(၂၀)ဦး အသတ်ခံခဲ့ရသည်။ ၄င်းအနက်၂ဦးမှာ အရှင်လတ်လတ် မီးရှို့ခံခဲ့ ရခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အရေးအခင်းတွင် ရမလ(ရခိုင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး) အဖွဲ့ ဝင်များက လုံထိန်းရဲတပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်ပြီး မွတ်စလင်များကို တိုက်ခိုက်ခဲ့ သည်။ လုံထိန်းတပ်ဖွဲ့ နှင့် ရမလ တို့  နားလည်မှု ယူပြီး ပူးပေါင်းလုပ်ကြံခြင်းဖြစ်သည်။ RNDP ပါတီက ရခိုင်အကြမ်းဖက်သမားများကို သူတို့ ရေးဆွဲထားသော မဟာဗျူဟာအတိုင်း ဦးဆောင်ညွှန်ကြားမှုပေးခဲ့သည်။

မွတ်စလင်များက မိမိအိမ်ကို မိမိ မီးရှို့ခဲ့ သည်ဟုလည်းကောင်း၊ ဆန်စက်ကို မီးရှို့ခဲ့သည်ဟုလည်းကောင်း မမှန်သတင်းများကို စစ်တွေမြို့ တွင် RNDP ပြည်နယ်အဖွဲ့ ဝင် ဦးအောင်မြတ်ကျော် မှထုတ်ပြန်ခဲ့ သည်။ ရခိုင်ပြည်နယ်မြို့နယ်အသီးသီးရှိ မွတ်စလင်ကျေးရွာများကို မီးရှို့ပြီးလူများကို အိုးမဲ့အိမ်မဲ့ အဖြစ် ရောက်အောင် စီမံနေကြသည်။ စစ်တွေမြို့တွင် မွတ်စလင်များကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ပြီး ဗလီများနှင့် အိုးအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ်က ရခိုင်ပြည်နယ်လွှတ်တော်အမတ်များ ဖြစ်သော ဦးကာလူရှင်နှင့် ဦးအောင်မြတ်ကျော်တို့ ကိုယ်တိုင် ဦးဆောင် ညွှန်ကြားမှု ပေးခဲ့သည့် ခိုင်မာသော အထောက်အထားများရှိသည်။ ၁၉၆၈ခုနှစ် စစ်တွေမြို့တွင် ဆန်ပြဿနာဖြစ်ပွားခဲ့စဉ်က ရခိုင်လူမျိုးများနှင့် မွတ်စလင်များစွာ အသတ်ခံခဲ့ရသည်။ စစ်တွေမြို့ရှိ ဆတ်ရိုးကျ ချောင်းမှာ သွေးချင်းချင်းနီခဲ့သည်။

၎င်းဖြစ်ရပ်ကို အကြောင်းပြု၍ “14 August Never Forget” ဟူ၍ ရခိုင်လူမျိုးများအကြား မပျောက်ပျက်နိုင်သော နာကျည်းဖွယ်ရာ သမိုင်းဖြစ်ရပ် တခုအဖြစ်ရှိနေသည်။ ယခုရခိုင်ပြည်နယ် အရေးအခင်းကာလတွင် မွတ်စလင်အိမ်များ၊ ဗလီများကို ဖျက်ဆီး မြေလှန်ပြစ်ရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် လှမောင်တင် ကိုယ်တိုင် မြေတူးစက်များ၊ မီးသတ်ကားများကို စီစဉ်ပေးခဲ့သည်။ ဦးလှမောင်တင်မှာ သူတော်ကောင်း အယောင်ဆောင်နေသည်ကိုတွေ့ ရသည်။ အမှန်မှာ ရခိုင်ပြည်နယ်အရေးအခင်း၏ အဓိကမဟာဗျူဟာကို RNDP ပါတီနှင့် ရခိုင် အကြမ်းဖက်သမားများ ပူးပေါင်းရေးဆွဲခဲ့ သော မဟာဗျူဟာတွင် ရခိုင်ပြည်နယ်ရှိ မွတ်စလင်များကို လူမျိုးတုန်း (genocide) သုတ်သင် သတ်ဖြတ်ပြီး ရခိုင်ပြည်နယ်ကို ရခိုင်လူမျိုးများ၏ စိတ်ကူးယဉ် အိပ်မက်ဖြစ်သော ရခိုင်ပြည်သူ့ သမ္မတနိုင်ငံကို ၂၀၁၂ သြဂုတ်လ ၁၄ရက်နေ့ တွင် ကြေငြာရန်ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုရေးဆွဲထားပြီး ဖြစ်သည်။ အစိုးရ အဖွဲ့ဝင်များကိုလည်း အောက်ပါအတိုင်း လျာထားကြောင်းသိရှိရသည်။ နိုင်ငံနယ်နိမိတ်မှာ ငသိုင်းချောင်းမှ စစ်တကောင်းအထိ ဖြစ်သည်။

ဦးကျော်မောင် ဗိုလ်မှူး(ငြိမ်း) သမ္မတ ဦးအေးမောင် လွှတ်တော် အမတ်၊ ဝန်ကြီးချုပ် ဦးအေးသာအောင် ရခိုင် NLD နိုင်ငံခြားရေးဝန်ကြီး ဦးလှမောင်တင် ရခိုင် ဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီး ဦးထွန်းရွှေခိုင် မော်ကွန်းထိန်း(ငြိမ်း) ပြည်ထဲရေးဝန်ကြီး ဦးဘရွှေ ပညာရေး ( ဒုဝန်ကြီး) ပညာရေးဝန်ကြီး ဒေါက်တာကျော်သိန်း ဘဏ္ဍာရေးဝန်ကြီး ဦးလှမြင့်  ပြန်ကြားရေးဝန်ကြီး ဒေါက်တာသန်းထွဋ်အောင် eleven journal ကျန်းမာရေးဝန်ကြီး ဦးဦးလှစော အတွင်းရေမှူး (RNDP) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဒေါ်စောခင်တင့်  ရခိုင်သဟာရ အသင်း လူမှုရေးနှင့် ကယ်ဆယ်ရေးဝန်ကြီး ဦးမြအောင် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လူဝန်မှုကြီးကြပ်ရေး ဝန်ကြီး ဦးမင်းကြည် ဗိုလ်မှူးကြီး(ငြိမ်း) ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်ဇံလှ ဗိုလ်မှူးကြီး(ငြိမ်း) စည်ပင်သာယာရေးဝန်ကြီး ဦးကာလူရှေ ရခိုင်ပြည်နယ်လွှတ်တော်အမတ် ဆက်သွယ်ရေးဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်း ရခိုင်မျိုးနွယ်စု ဝန်ကြီး အားကစားနှင့် ကာယပညာ ဦးစံရွှေမောင် ပြည်နယ်ဥပဒေ အရာရှိ တရားသူကြီးချုပ် ဦးအောင်မြတ်ကျော် ရခိုင်ပြည်နယ်လွှတ်တော် စိုက်ပျိုးရေးဝန်ကြီး ဦးစောလွင် အလုပ်သမားရေးရာဝန်ကြီး

ရမည်းသင်းမြို့၌ဘုန်းကြီးတစ်စုနှင့်အရပ်သားတချိှု့စုဝေးဖစ်အောင်ဖန်တီးခဲ့ပြီးဧကရာဇ်ဗလီအားဖျက်ဆီးရန်လုပ်ဆောင်

အောက်တိုဘာ၊ ၁၃၊ ၂၀၁၂
ယနေ့ ၁၃.၁၀.၂၀၁၂ နေ့တွင် ရမည်းသင်းမြို့၌ ဘုန်းကြီးတစ်စုနှင့် အရပ်သားတချိှု့ စုဝေးရောက်ရှိလာပြီး ဆူပူလှုံ့ဆော်မှုဖြစ်အောင် ဖန်တီးခဲ့ပြီး ဧကရာဇ်ဗလီအား ဖျက်ဆီးရန် လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရမည်းသင်းမြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ ဖြစ်ပွားပုံကို သိရှိခဲ့ရပါသည်။ ရမည်းသင်းမြို့တွင် နေထိုင်သော ဗုဒ္ဓဘာသာ အမျိုးသားတစ်ဦးနှင့် မွတ်စလင်မ်အမျိုးသမီး တစ်ဦးတို့သည် လွန်ခဲ့သော ၁၅-နှစ်ခန့်က အိမ်ထောင်ကျပြီး လွန်ခဲ့သော ၄-နှစ်ခန့်က အိမ်ထောင်ပြိုကွဲသွားကာ စီးပွားပြိုင်လုပ်ဆောင်ခဲ့ကြသည်။ ယင်းတို့ နှစ်ဦးစလုံးမှ အသီးသီး ဘောလုံးအသင်းများထောင်ထားခဲ့သည်။ အမျိုးသမီးထောင်ထားသော ဘောလုံးအသင်းတွင် မွတ်စလင်မ် လူနည်းစုပါဝင်ခဲ့သည်။ မနေ့က ၁၂.၁၀.၁၂ တွင် ရမည်းသင်းမြို့၌ ဘောလုံးပွဲပြုလုပ်ခဲ့ရာ ယင်း ၂-သင်းလုံးပြိုင်ခဲ့ကြပြီး ဘောလုံးပွဲတွင်ပင် ပြဿနာဖြစ်ပွားခဲ့ရာ အမျိုးသမီးပိုင် ဘောလုံးအသင်းမှ မွတ်စလင်မ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်း ပြဿနာသည် ထိုမျှနှင့် ပြီးဆုံးခဲ့သော်လည်း ညပိုင်း၌ အရက်ဆိုင်တွင် ယင်းဘောလုံး ၂-ဖွဲ့လုံး ဆုံမိကြပြီး ရန်ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းရန်ပွဲအား ရဲစခန်းမှ လာရောက်ထိန်းသိမ်း၍ ပြီးဆုံးသွားခဲ့သည်။ ယနေ့တွင်မူ ဘုန်းကြီးတစ်စုနှင့်အရပ်သားတစ်ချို့သည် စုဝေးရောက်ရှိလာပြီး ပဋိပက္ခဖြစ်ပွားစေရန် ဆူပူလှုံ့ဆော်ခဲ့ပြီး ရမည်းသင်းမြို့ရှိ ဧကရာဇ်ဗလီအား ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း ရမည်းသင်းမြို့ရှိ စစ်တပ်နှင့်ရဲတို့မှ အချိန်မီ ထိန်းသိမ်း တားဆီးလိုက်သောကြောင့် ယင်းဆူပူလှုံ့ဆော်မှု အထမမြောက်ဖြစ်သွားကြောင်း သိရပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ “ရမည်းသင်းမြို့မှာက ဗလီ ၉-လုံး ရှိပါတယ်။ အခုဖြစ်တဲ့ ဧကရာဇ်ဗလီက အသစ်ပါ။ ဧကရာဇ်ဗလီအဟောင်းလည်းရှိပါတယ်။ အဟောင်းကတော့ ပိတ်ခံထားရပါတယ်။ စဖြစ်တာက ဗုဒ္ဓဘာသာအမျိုးသားနဲ့ မွတ်စလင်မ်အမျိုးသမီး အိမ်ထောင်ကျ အိမ်ထောင်ပြိုကွဲပြီ စီးပွားပြိုင်လုပ်ကြရင်း အသီးသီး ဘောလုံးအသင်းတွေ ထောင်ကြတယ်။ မနေ့က ဘောလုံးပွဲမှာ အဲဒီ ၂-သင်း ရိုက်ပွဲဖြစ်တယ်။ အဲဒီမှာပဲ ရန်ပွဲက ပြီးသွားတယ်။ နောက် ညပိုင်းရောက်တော့ အရက်ဆိုင်မှာ အဲဒီ ဘောလုံး ၂-သင်း အတူတူဆုံမိကြပြီး အရက်သောက်ရင်း စကားများကြရာကနေ ရန်ပွဲထပ်မံဖြစ်သွားခဲ့တယ်။ အဲဒါကို ရဲက အချိန်မီအရေးယူလိုက်တယ်။ အဲဒါ ဒီမနက်ကျတော့ ဘုန်းကြီး တစ်စုရောက်လာပြီး အဓိကရုဏ်းဖြစ်အောင် လာပြီး လှုံ့ဆော်တယ်။ အဲဒီဘုန်းကြီးတွေက ရမည်းသင်းက ဘုန်းတော်ကြီးတွေ မဟုတ်ပါဘူး။ ရမည်းသင်းမြို့ပေါ်က ကျောင်းတိုက်တွေ အားလုံးက ဆရာတော်ကြီးတွေက ကျောင်းကဘုန်းကြီးတွေကို ပေးမထွက်ပါဘူး။ ကျွန်တော် သတင်းပြန်ကြားရသလောက် အခုရောက်လာပြီး လှုံ့ဆော်တဲ့ဘုန်းကြီးတွေက မန္တလေးက ဦးဝီရသူစေလွှတ်လိုက်တဲ့ ဘုန်းကြီးတွေဖြစ်တယ်လို့ တဆင့်ပြန်ကြားရတယ်။ အဲဒီ ဘုန်းကြီးတွေကို ရမည်းသင်းမြို့ပေါ်က ဘယ်ကျောင်းတိုက်ကမှ လက်မခံပါဘူး။ တည်းခိုခွင့်မပြုဘူး။ အဲဒါနဲ့ မြို့ပေါ်က အိမ်တစ်အိမ်မှာ သူတို့တည်းလိုက်ရတယ်။ အဲဒီလက်ခံပေးတည်းလိုက်တဲ့အိမ်ကလည်း NLD အမာခံတစ်ဦးရဲ့ အိမ်လို့ သိရတယ်။ အဲဒါကတော့ သေချာပေါက်မသိသေးဘူး။ အဲဒါ သူတို့က ဧကရာဇ်ဗလီကိုဖျက်ဆီးဖို့အတွက် ပြဿနာဖြစ်အောင် ဆူပူလှုံ့ဆော်ပါတယ်။ စစ်တပ်နဲ့ရဲက အချိန်မီ တားဆီးခဲ့ပါတယ်။ စစ်တပ်နဲ့ရဲက တကယ်ကို ပြဿနာမဖြစ်အောင် တားဆီးနိုင်ခဲ့တာပါ။ အဲဒါ အခုလည်း သတင်းတစ်ခုကြားရတယ်။ ဘာလဲဆိုတော့ မနက်ဖြန်ကျရင် ဘုန်းကြီးတစ်ပါးကို မွတ်စလင်မ်တွေက ၀ိုင်းသတ်တယ်ဆို လုပ်ကြံပြီး ပြဿနာဖြစ်အောင် ဖန်တီးမယ်လို့ သူတို့တွေဘက်က သတင်းကြားနေရတယ်။ အဲဒါကြောင့် မြို့နယ်အာဏာပိုင်တွေရော နောက် ပါတီတွေကိုပါ အဲဒီသတင်းကို အသိပေးထားပြီး အဲဒါမျိုး မဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းပေးဖို့ ပြောထားပါတယ်။ ကျွန်တော်တို့ ဘယ်လို ပဋိပက္ခမျိုးကိုမှ မလိုလားပါဘူးဗျာ။” လို့ ရမည်းသင်းမြို့ မြို့ခံတစ်ဦးက BNG-Media သို့ ပြောပြခဲ့တယ်။

Sunday, July 1, 2012

အယ်လ်ကေဒါနှင့် ဆက်နွယ်ဆောင်ရွက်တယ်ဆိုတဲ့အခြေအနေ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အခြေအနေများမှာ အယ်လ်ကေဒါအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်မှု ရှိသည်ဆိုသောအချက်ကို နိုင်ငံတော်မှ ရှင်းလင်းတင်ပြလိမ့်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းက ပြောကြားခဲ့သည်။ "အယ်လ်ကေဒါနှင့် ဆက်နွယ်ဆောင်ရွက်တယ်ဆိုတဲ့